ခရမ်း ဩဂုတ် ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ကျူတောကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမီးလင်းရေး ဆောင်ရွက်နေမှုနှင့် မီးလင်းရေး တင်ပြထားသည့် ကြောင်လျှာကန် တောင်ကွင်းတဲစုများအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေ့လယ် က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ခရမ်းမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးစိုးနိုင်ဦး မြို့နယ်လမ်းဦးစီးဌာန (SAE) ဦးအေးမျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကျူတောကျေးရွာတွင် ကျေးရွာမီးလင်းရေး အတွက် ဆောင်ရွက်ပြီးစီး နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ မီးလင်းရေးအတွက် တင်ပြတောင်းဆို ထားသည့် ကြောင်လျှာကန် တောင်ကွင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ခရမ်း)