Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုမိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေ
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း Mask တပ်ဆင်သွားလာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် အောက်စီဂျင် စက်ရုံတည်ဆောက်နိုင်ရေးနှင့် COVID – 19 ကာကွယ်၊ထိန်းချုပ်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များအတွက် အလှူငွေများ လှူဒါန်း
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် COVID – 19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ မိုးမိတ် မြို့ မြောက်ပိုင်းရပ်ကွက်နေ ဦးတိုင်မိသားစုမှ အောက်စီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း(၁၀၀)နှင့် COVID – 19 ရောဂါနှင့် ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန် ဆောင်ရွက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များအတွက် ကျပ်သိန်း(၁၀၀)နှင့် စုစုပေါင်း ကျပ်သိန်း(၂၀၀) လှူဒါန်းခြင်း ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ(ပိုးတွေ့)အတည်ပြုလူနာ (၄၇)ဦးအထိ ရှိလာ
Jul 14,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်(၁၃)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား (ပိုးတွေ့)အတည်ပြုလူနာ (၄၇)ဦးအထိရှိခဲ့ပြီး (၁)ဦးသေဆုံးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ၁နှစ်၇လအရွယ်ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၄ ဦးစစ်ဆေးတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်း မှ ည ၉ နာရီ အထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၈ ဦး ၊အမျိုးသား ၆ ဦး စုစုပေါင်း ၁၄ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
Jul 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ပြုလုပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၆၂)ဦးကို Swab ယူစစ်ဆေးရာ (၂၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ…
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေး ရာ (၂၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ (၈) ဦး ဆေးရုံတွင် (၁ဝ) ရက်ကြာ ကုသမှုခံယူပြီးနောက် နေကောင်းကျန်းမာသဖြင့် ဆေးရုံဆင်းခွင့်ပေး
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၄) ရက်နေ့က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်တွင်နေထိုင်သူ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ (၂) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့၏ တစ်အိမ်တည်းအတူနေ မိသားစုဝင် (၈) ဦးတို့အား ဆက်လက်စစ်ဆေးရာ (၆) ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင်ထားရှိကုသခဲ့ပြီး (၁ဝ) ရက်ပြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပေးလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိခဲ့သည့်နေရာနှင့် မြန်မာ့စီပွားရေးဘဏ်အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
Jul 14,2021
နှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်တက် လျက်ရှိသည့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူမှုရေးအသင်းများမှ တက်ညီလက်ညီဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညက မြန်မာ့ စီးပွားရေး ဘဏ်နှင့် အတည်ပြုလူနာများထားရှိခဲ့သည့် မြို့တော်ခန်းမအား ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဓမ္မဝိဇယသာရေး နာရေးကူညီမှုအသင်းမှ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26120
Page
26121
Page
26122
Page
26123
Current page
26124
Page
26125
Page
26126
Page
26127
Page
26128
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department