အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်များမှ ပူးပေါင်း၍ နေ့စဉ်အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။
Jul 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)သင်တန်းကို ယမန်နေ့ နံနက်က အိုမတွေ့ကျေးရွာတွင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ရွှေကျင်မြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဇူလိုင် ၁၄ ရက်နေ့မှစ၍ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် မော်တော်ယာဉ်များ အား ရွှေကျင်မြို့ဝင် ဂိတ်ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Jul 14,2021
စစ်ကိုင်းတိုင်း​ဒေသကြီး မုံရွာခရိုင် ​ချောင်းဦးမြို့နယ် စိုက်ပျိုး​ရေဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်​နေ့ ​နံနက် ၁၀ နာရီ အချိန်က မိုးစပါးမျိုး​စေ့ထုတ်စံပြကွက် ၂၀ ဧက စိုက်ပျိုးမည့် ​တောင်သူများသို့ အရည်အ​သွေး​ကောင်း စပါးမျိုး​စေ့နှင့် သွင်းအားစုများကို ပံ့ပိုး​ပေးအပ် ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်၊ ဦးဇော်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်တွင်ကိုဗစ် ကုသရေး စင်တာ အသစ် ဖွင့်လှစ်ရန်ပြင်ဆင်နေမှု၊ မရမ်းကုန်း မြို့နယ်အင်းယား စင်တာတွင် ကိုဗစ်ပိုးတွေ့လူနာများကုသပေးနေမှုများကို သွားရောက်ကြည့်ရူ စစ်ဆေခဲ့ကြသည်။ ရှေးဦးစွာ လှိုင်မြို့နယ်ရှိ လှိုင်ကိုဗစ်ကုသရေးစင်တာတွင် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် လူနာ ၇၅၀ ကျော် ထားရှိနိုင်ရန် အိပ်ယာ၊ ခြင် ထောင်၊ ကုတင်နှင့် တစ်ကိုယ်ရေ သုံးပစ္စည်းများ ပြင်ဆင်နေမှုများ၊ အောက်ဆီဂျင်လိုအပ် သည့်လူနာ ၂၀၀ဦးစာ အောက်စီဂျင် ပိုက်လိုင်း သွယ်တန်းတပ်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အနောက် ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်စိုး၊ လှိုင်စင်တာ ကုသရေး တာဝန်ခံ ဒေါက်တာ ကိုကိုနိုင်တို့က ရှင်းလင်းတင်ပြ ကြသည်။
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် PPE နှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Jul 14,2021
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၂၃၂၉.၅၁) ဧက နှင့်​ မြေပဲ (၆၂.၂၆)ဧကအတွက် တောင်သူပေါင်း (၆၃၉၁)ဦးအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။