လှိုင်မြို့နယ်အတွင်းရှိ အသက် (၆) လမှအသက်(၅)နှစ်ကလေးများအား VH-A အားဆေးနှင့်သံချ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်   သြဂုတ်   ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၉) ရပ်ကွက် တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ကစ၍ အသက် ၆လမှအသက်(၅)နှစ် ထိ  ကလေးများအား VH-A အားဆေးနှင့်  သံချဆေးတိုက်ခြင်း လုပ်ငန်း များအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံ ပေးရာတွင် အသက်(၆)လမှ အ သက် (၅ )နှစ်ထိ ကလေးငယ်များ အား ကြီးထွားဖွံ့ဖြိုးရောဂါ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက်(၅)မျိုးစပ် ကာကွယ်ဆေးများ၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာ ကွယ်ဆေး၊ ဝက်သက် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးပြီးကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့်ကလေး မိခင်များအတွက် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ခြင်းများ ပြု လုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကြည်ဇေသော် (ပြန်/ဆက်)