သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အမည်စာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

သရက်ချောင်း  ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ခြောက်ရပ်ကွက်တို့တွင် သတ်မှတ်နေရာအသီးသီး၌ ကြေညာထားမှုကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ ခရိုင်/ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာ (၃) ရွာရှိ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ရပ်/ကျေး ကော်မရှိဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား  ပထမအကြိမ်မဲဆန္ဒရှင်များ၏ စာရင်များ ကပ်ထားကြေညာထားရှိမှုအခြေအနေများ၊ ပြည်သူများမဲပေးရာတွင် လူဦးရေစာရင်းများ၊ မဲပေးမည့်သူများ၏ အမည်စာရင်း ကျန်ရှိမှုမရှိစေရေး၊ ပြည်စုံမှန်ကန်မှုရှိစေရေးတို့ကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)