မရမ်းကုန်းမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအဖွဲ့မှ ကလေးလုပ်သားစာရင်း စစ်တမ်း ကောက်ယူ

မရမ်းကုန်း သြဂုတ် ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊  မရမ်းကုန်းမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအဖွဲ့မှ ကလေးလုပ်သားစာရင်း စစ်တမ်းကောက်ယူခြင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်() ရပ်ကွက် နှင့် အမှတ်()ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ သည်။

အဆိုပါ စစ်တမ်းကောက်ယူရာတွင် မြို့နယ်ဗဟိုစာရင်းမှတာဝန်ရှိသူတစ်ဦး၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေး၊ မြို့နယ် ကြက်ခြေနီတို့မှ တာဝန်ရှိသူများလိုက်ပါလျက် အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီနှင့်လက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းလုပ်ငန်းများရှိ ကလေး လုပ်သားများအား စစ်တမ်းများ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)