လားရှိုး ဇူလိုင် ၁၄
ခရိုင်နှင့်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင်များသည် မြို့ပေါ် ရပ်ကွက်(၁၂) ရပ်ကွက်တွင် မဖြစ်မနေအပြင်ထွက်သွားလာပါက MASK တပ်ဆင်၍သွားလာခြင်းရှိ/မရှိ၊ အပြင် ထွက်၍စျေးဝယ်ခြင်း အားတစ်အိမ်လျှင်တစ်ဦးသာ သွားလာခွင့်ပြုခြင်း၊ ဆေးရုံဆေးခန်း သွားလာ ပါက နှစ်ဦးသာသွားလာ ခွင့်ပြုခြင်းနှင့် မော်တော်ဆိုင်ကယ်များတွင် လူတစ်ဦးသာ စီးနှင်းသွားလာရန် စသည့် COVID-19 ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပါးစပ်နှာခေါင်းစည်း MASK မတပ်ဆင်ပဲသွားလာသူများ၊ မော်တော် ဆိုင်ကယ်များတွင် တစ်ဦးထက်ပို၍ စီးနှင်းသွားလာသူများ၊ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ အပြင်ဘက် သွားလာသူများအားလားရှိုးမြို့၊ သိန္နီလမ်း၊ Only Love ဓာတ်ပုံတိုက်ရှေ့တွင် ယနေ့နံနက်(၁၀)နာရီက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာစေရန်အသိပညာပေးဟောပြောခြင်း၊ COVID-19 ဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရသည်။
ဥမ္မာချို