အထက်မင်းလှ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ ၊ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့်ထိစပ်သူများ၊ သံသယလူနာများ စုစုပေါင်း(၂၇၈)ဦးအား မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT (Test Kits) ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား(၄၂)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း(၅၈)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၅၈)ဦးမှာ လက်ပံတံခါးကျေးရွာမှ အမျိုးသား(၃)ဦး၊ ရှမ်းတပ်ကျေးရွာမှ အမျိုးသား(၃)ဦး၊ မကျီးကုန်းကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ဘန့်ပြင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ လယ်လျားရှည်ကျေးရွာမှ အမျိုးသား(၁)ဦး၊ ကျေက်ထပ်ကျေးရွာမှ အမျိုးသား(၁)ဦး၊ နဂါးအိုင်ကျေးရွာမှ အမျိုးသား(၁)ဦး၊ အိုးဘိုကုန်းကျေးရွာမှ အမျိုးသား(၁)ဦး၊ အုတ်ပုံကျေးရွာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ရှမ်းတပ်ငယ်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ရေနံမကျေးရွာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ရဲစခန်းဝန်းအတွင်းမှ အမျိုးသား(၅)ဦး၊ ရေခါးကျေးရွာမှ အမျိုးသမီး(၁)ဦး၊ အမှတ်(၁၀)ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ PICမှ အမျိုးသား(၁)ဦး၊ မလွန်(ကပစ-၂)မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ ပန်းတော်ပြင်ကျေးရွာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ အမှတ်(၂)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ (ကပစ-၁၀)မှ အမျိုးသမီး(၁)ဦး၊ ရွာတော်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ (ကစစ-၁၇)မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ ကိုင်းကျေးရွာမှ အမျိုးသား(၁)ဦး၊ မင်းလှမြို့မရဲစခန်း(အချုပ်သား) အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၁)ဦးတို့ဖြစ်ပြီး လက်ပံတခါး COVID Center တွင်(၁၁)ဦး၊ ရေနံမတိုက်နယ် ဆေးရုံတွင်(၆)ဦး၊ မင်းလှမြို့နယ် COVID Center၌(၂၃)ဦး၊ မင်းလှရဲစခန်းဝန်းအတွင်း အချုပ်ခန်း Centerတွင်(၁၈)ဦးတို့အား ဆေးကုပေးလျက်ရှိကြောင်းသိရသည်။ မင်းလှမြို့၌ ဇူလိုင်လ(၁၃)ရက်နေ့ အထိ ပိုးတွေ့လူနာ (၁၉၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)