ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ

ကျေးသီး ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်စေ ရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစည်ပင်သာယာစျေးလမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက် နှင့်အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပ ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေစနစ်တကျ တပ်ဆင်စေရေးအသိပညာပေး၍ ကိုယ်အပူ

ချိန်တိုင်းတာခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေကာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)