အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်း

ရန်ကုန် ဇူလိုင် ၁၄
 
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက အလှူငွေများကို ယနေ့ နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။
 
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား အင်းစိန် မြို့နယ်၊ တွဲလက်လူမှု ကူညီရေးအဖွဲ့နှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင် ရန်အတွက် ကွယ်လွန်သူ ဖခင်ကြီးနှင့် မိခင်ကြီးတို့အား ရည်စူး၍ မသိင်္ဂီထွန်းမှ အလှူငွေကျပ်(၁)သိန်း၊ ဦးသန်းအေး မိသားစုမှ အလှူငွေကျပ်(၁)သိန်းနှင့် ဦးမျိုးတင့် မိသားစုမှ အလှူငွေ ကျပ်(၁)သိန်းတို့ကို အသီးသီးလှူဒါန်းရာ တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
 
အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန် အဟုန်မြှင့် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ဇွဲထက်ကို