ကွမ်းခြံကုန်း ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက် သော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်( ၇:၀၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မရဲစခန်းတို့မှပူးပေါင်း၍ စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် သာရောင်းချရန် လိုက်လံ စစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်(၁၉)ဆိုင်က ညွှန်ကြားချက်အ တိုင်း လိုက်နာရောင်းချမှုရှိခြင်းကို စစ်ဆေးတွေ့ရှိပါကြောင်း သတင်းရရှိပါသည်။