ပင်လည်ဘူး ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ပင်လည်ဘူးမြို့တွင် ယနေ့ နံနက် ၁၀း၀၀ နာရီ အချိန်က ပင်လည်ဘူးမြို့၏ လူစည်ကားရာ နေရာဖြစ်သည့် မိုးကောင်းရပ်ကွက် အား/ကာရုံရှေ့ လမ်းဆုံနှင့် မြို့ပေါ်အိမ်ဆိုင်စျေးရောင်းချသူ များအား ကိုဗစ် - ၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း Masks များလိုက်လံဝေငှ၍ Mask Campaign ပြုလုပ်ကာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်သောင်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးနှင့် တပ်ဖွဲ့ဝင်များမှ လှူဒါန်းငွေ စုစုပေါင်း (၃၀၀၀၀၀) သုံးသိန်းကျပ်အား မြို့နယ် အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်သောင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အေးဝင်းခိုင်