မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာတစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းယောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာတစ်ဦး ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အမှတ်(၉)ရပ်ကွက်ရှိ ဖျားနာကုဆေးခန်းတွင် ယနေ့ နံနက်ပိုင်းက အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ခြောက်ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီးတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကာ အဆိုပါအမျိုးသမီးသည် အခြားမြို့မှ ပြန်လည်ဝင်ရောက်လာပြီး Home Quarantine ဝင်ရောက်နေသူဖြစ်ကြောင်း သိရသည်။

ယခုအခါ မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ စုစုပေါင်း ခုနစ်ဦးရှိပြီး ၎င်းတို့အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်၌ ဆေးကုသမှုခံယူနေကြကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း