“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ ထားရှိကုသမည့်နေရာ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဟိုပန် ဇူလိုင် ၁၄

ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ သီးခြားထားရှိ၍ ကုသမှုပေးနိုင်ရန် အတွက် ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် Facility Quarantine Centre ဆောင်ရွက်နေမှုအခြေအနေကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ Facility Quarantine Centre တွင် ဒေသခံ သံသယလူနာများ၊ ရောဂါဖြစ်ပွားရာနေရာများမှပြန်လာသူများကို ရောဂါစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါ (Positive) တွေ့ရှိရပါက ထားရှိကုသသွားမည်ဖြစ်ကာ စုစုပေါင်းလူနာ(၃၁)ဦးအား ကုသမှုပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းနိုင်လင်း