နောင်ချို ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြိုနယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များအား ဒုတိယ အကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်- ၁၉ ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန် ထမ်းများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားဆရာဂန်များနှင့် သူနာပြုများက ထိုးနှံပေးခဲ့ကြပြီး ယခု ဒုတိယအကြိမ်တွင် ပထမအကြိမ်ထိုးနှံခဲ့သော (၄၆၇)ဦး ကို ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်