ကျိုက်ဒုံ ဇူလိုင် ၁၄
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ကူးစက်မြန် ကပ်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံ တွင်ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တတိယလှိုင်းအသွင်စတင်ဖြစ်ပွားလျက်ရှိသည့် အပြင် မျိုးဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ဓာတ်ခွဲအတည် ပြုချက်များအရ သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ ကူးစက် ပြန့်နှံ့မှုမရှိစေရေးအတွက် ကျိုက်ဒုံမြို့အဝင် ဟောင်သရောတံတားထိပ်ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင်မြို့အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် မြို့ဝင်မြို့ထွက် သွားလာသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နှားခေါင်းစည်း(mask)များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံရပ်ခြားဒေသများနှင့် (Stayathome)မြို့နယ်များမှ မိမိဒေသတို့ ပြန်လည်ဝင်ရောက်လာသူ များအား ကျိုက်ဒုံမြို့အမှတ်၂ရပ်ကွက်ရှိ တိံဿရာမစာသင်တိုက်၊ တောင်ပေါ်ကျောင်းတွင် (HomeQuarantine)ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရောဂါပို့တွေ့ရှိလာပါက ကျိုက်ဒုံမြို့တိုက်နယ်ဆေးရုံရှိ သီးသန့်လူနာဆောင်(သံဃာ့ဆောင်) တွင်ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ကိုဗစ်၁၉ကူးစက်ရောဂါနှင့် ပတ်သပ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ အသံချဲ့စက်များဖြင့် နေ့စဉ် လှည့်လည် အသိပညာပေးလှုပ်ရှားမှုများကို နိုးဆော်ဆောင်ရွက်ပေး လျက်ရှိကြောင်း ကျိုက်ဒုံမြို့ တိုက်နယ်ဆရာဝန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)