Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေပေးအပ်လှူဒါန်း
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေအတွက် မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များ၊ မြို့ခံလုပ်ငန်းရှင်များ၊ဌာနဆိုင်ရာများက အလှူငွေပေးအပ်လှူဒါန်းပွဲ တစ်ရပ်ကို ယနေ့နံနက်(၁၀)နာရီက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင်ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခြင်း
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သဘာဝဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ယနေ့ နံနက် ၉နာရီအချိန်က ၂၀၂၁ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်းက မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် သဘာဝဘိုးဘွားရိပ်သာယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေကြသော ရေဘေးသင့်အိမ်ထောင်စု(၁၂)စုအတွက် ရေဘေး ကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းနှင့်အညီကျင်းပပြုလုပ်ရာ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး လှဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ ချောင်းငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကို၊ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်…
Jul 28,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း သည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဇူလိုင်လ(၂၈)ရက်၊ နံနက်(၁၀)နာရီ အချိန်တွင် မုံရွာခရိုင်၊ ဘုတလင်မြို့၊ ပြည့်သူ့ဝန်ဆောင်မှု (One Stop Shop)ရုံးခန်းမတွင် ကျင်းပသော ဘုတလင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စားသောက်ဖွယ်ရာများ၊ အောက်ဆီဂျင် ၄၀ လီတာဆံ့ (၂၀)အိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ အောက်ဆီဂျင်ထောက်ပံ့ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရန် စာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ လူနာများ အောက်ဆီဂျင်လိုအပ်မှု ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်န…
Jul 28,2021
ပန်းတောင်း ဇူလိုင် ၂၈
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ဘက်ရဲမြို့နှင့်သစ်ဆိမ့်ကိုင်းကျေးရွာအုပ်စုများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုနှင့် လူနေအိမ်အမိုးလန်ပြိုကျမှုမျ…
Jul 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့ အမှတ်(၁)ရပ်ကွက် GR-270244 ကမ်းပြိုအရပ်၌ ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘက်ရဲ-ကိုးအင်းဆက်သွယ်ထားသော တံတားမှတစ်ဆင့် ချောင်းရေ ရုတ်တရက်မြှင့်တတ်လာမှုကြောင့် ဖားတရှည့်ချောင်းရိုးတစ်လျှောက် ရေဝင်ရောက်နိုင်သည့်အတွက် လူနေအိမ်(၁၁)လုံးမှ အိမ်ထောင်စု(၁၁)စုအား ရေလွတ်ရာ ဝိသုဒ္ဓါရုံဘုန်းတော်ကြီးကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်း မြို့ ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ချင်း/ မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်
Jul 28,2021
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများရှိလာသဖြင့် မြို့ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး ဦးဆောင်မှုဖြင့် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မီးသတ်တပ်ဖွဲ့များ ၊Social Action For Communities Changes(SACC) တို့ပူးပေါင်းကာ ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို ချင်း / မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက် များ တွင် ယနေ့ မနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ပြည်သူများ Maskများ တပ်ဆင်သွားလာစေရေး အသိပညာပေးခြင်းနှင့်Mask Campaign ပြုလုပ်
Jul 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာဖြစ်သော စက်မှုလယ်ယာရုံးအရှေ့နှင့် ကမ္ဘော့ဇဘဏ်(၂)အရှေ့ ရွှေမင်းဝံလမ်းမကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25939
Page
25940
Page
25941
Page
25942
Current page
25943
Page
25944
Page
25945
Page
25946
Page
25947
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department