စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စားသောက် ဖွယ်ရာများ၊ အောက်ဆီဂျင် ၄၀ လီတာဆံ့ (၂၀)အိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စ

 

 

မုံရွာ ဇူလိုင် ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း သည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဇူလိုင်လ(၂၈)ရက်၊ နံနက်(၁၀)နာရီ အချိန်တွင် မုံရွာခရိုင်၊ ဘုတလင်မြို့၊ ပြည့်သူ့ဝန်ဆောင်မှု (One Stop Shop)ရုံးခန်းမတွင် ကျင်းပသော ဘုတလင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စားသောက်ဖွယ်ရာများ၊ အောက်ဆီဂျင် ၄၀ လီတာဆံ့ (၂၀)အိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ဖြစ်ပွားနေမှု မြင့်မားလျှက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များကိုလိုက်နာကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် လိုအပ်လျှက်ရှိသော အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကိုလည်း အမြန်ဆုံးရရှိစေရေးအတွက် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း စေရေးအတွက် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း “ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင်စိုးတို့က ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် စားသောက်ဖွယ်ရာ များ၊ အောက်ဆီဂျင် ၄၀ လီတာဆံ့ (၂၀)အိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ဘုတလင်မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် ဘုတလင်မြို့၊ မြဝတီခန်းမတွင် ကိုဗစ်-၁၉ Positive လူနာများကုသရေးစင်တာသို့ သွားရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ သတင်းရရှိသည်။

                                                                                         

တိုင်းဒေသကြီး(ပြန်/ဆက်)