Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင် သာသနာ့ဗိမာန် Test Center၌ ကိုဗစ်- ၁၉ ရောဂါ သံသယ ဖျားနာ၊ ချောင်းဆိုး နံ့ပျောက်လူနာများ မည်သူမဆို (အခမဲ့) စမ်းသပ်စစ်ဆေးနိုင်
Jul 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိနှင့် ဖျားနာ၊ ချောင်းဆိုးနှင့် အနံ့ပျောက်လူနာများ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး Test Center၌ ယနေ့နံနက် ၉ နာရီမှစတင်ကာ မည်သူမဆို (အခမဲ့) စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှုမရှိစေရေး မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မ…
Jul 28,2021
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဖြစ်ပွားမှုများပြားလာသဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ် တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေး မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ ကုန်သည်လမ်းနှင့် မီးသွေးတန်းလမ်းဆုံ နှင့် မြင်းရုပ်မီးပွိုင့်လမ်းဆုံများတွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင်ဆေးရုံ၀င်းအတွင်းရှိ Oxygen Plant စက်ရုံမှ အောက်ဆီဂျင်များ စတင်ထုတ်လုပ် လည်ပတ်
Jul 28,2021
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ Oxygen Plant စက်ရုံကို ဇူလိုင်လ ၂၇ ရက်၊ မွန်းလွဲပိုင်းက စတင်လည်ပတ်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံ Isolation Ward (1) ရှိ အောက်ဆီဂျင်လိုအပ်သူများကို ပေးပို့ကာ ကြပ်မတ်ကုသပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် ( တောင်ပိုင်း ) မြို့နယ် အောင်မြင့်မိုရ်ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ /မရှိ အခမဲ့စစ်ဆေးပေးမည်
Jul 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ အမှတ်(၁၀၆)ရပ်ကွက်လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်းရှိ အောင်မြင့်မိုရ်အိမ်ရာ ဓမ္မာရုံတွင် ယခုလ၂၉ ရက်နေ့မှစတင်ကာ ကိုဗစ် - ၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးချင်သော ဒေသခံမိဘပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ အခမဲ့စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး ဆော်သြခြင်းများဆောင်ရွက်
Jul 28,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အသိပညာပေး ဆော်သြခြင်းကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အတွင်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်
Jul 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး (Mask Campaign) လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့်တွေ့ဆုံမေးမြန်းခြင်…
Jul 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မအူပင်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်အား ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သက်၍ယမန်နေ့ မွန်းလွဲ ၃ နာရီ ကတွေ့ဆုံမေးမြန်းထားသည် များ ကိုဖော်ပြအပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်- ၁၉ ရောဂါကာလ အတွင်း ပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရေးနှင့် အောက်ဆီဂျင် လုံလောက်စွာရရှိရေး တပ်မတော်(ရေ)အနေဖြင့် အောက်ဆီဂျင်အိုးများ ဖြည့်တင်းဆ…
Jul 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(တောင်ပိုင်း)ခရိုင်၊ သန်လျင်မြို့နယ်ရှိ တပ်မတော်(ရေ) အနေဖြင့် ကိုဗစ်-၁၉ ရောဂါကုသနိုင်ရေးအတွက် အများပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရန်နှင့် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)ရှိ အောက်ဆီဂျင်စက်ရုံနှင့် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)တို့မှ အောက်ဆီဂျင်ဓာတ်ငွေ့များအား ဇူလိုင်လအစောပိုင်းမှစတင်၍ ယနေ့အထိနေ့စဉ်ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25940
Page
25941
Page
25942
Page
25943
Current page
25944
Page
25945
Page
25946
Page
25947
Page
25948
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department