ခိုင်ကမ်း ဇူလိုင် ၂၈
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများရှိလာသဖြင့် မြို့ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး ဦးဆောင်မှုဖြင့် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မီးသတ်တပ်ဖွဲ့များ ၊Social Action For Communities Changes(SACC) တို့ပူးပေါင်းကာ ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို ချင်း / မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက် များ တွင် ယနေ့ မနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အတွင်းနေထိုင်သူများအနေဖြင့် မိမိအိမ်တွင်သာနေထိုင်ရန်၊ မဖြစ်မနေ အကြောင်းကိစ္စဆောင်ရွက်ရန် နေအိမ်ပြင်ပသို့ထွက်ခွါခြင်း နှင့် မိမိနေအိမ်သို့ မလိုအပ်ပဲ ဧည့်သည်များ လက်ခံတွေ့ဆုံခြင်းမပြုရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ အကြာဆေးကြောသန့်စင်ရန်၊ လူစုလူဝေး ရှောင်ကြည်ရန်၊ မိမိအ်ိမ် မိမိနေရာများကို လေဝင် လေထွက် ကောင်းအောင် ပြုပြင်ထားရှိရန်၊ နှာခေါင်းစည်း များကိုစနစ်တကျတပ်ဆင်ရန် ၊ နှာခေါင်စည်းတပ်ဆင်ထားခြင်းမရှိသောသူနှင့် စကားပြောခြင်း ဈေးဝယ်ခြင်း နှင့်တွေ့ဆုံခြင်းတို့မှ ရှောင်ကြဉ်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည် ညွှန်ကြားချက်များ ၊ တားမြစ်ချက်များ၊ အသိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပေးနိုးဆော်ခဲ့ကြ ကြောင်းသိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)