ကြံခင်း ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့ အမှတ်(၁)ရပ်ကွက် GR-270244 ကမ်းပြိုအရပ်၌ ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘက်ရဲ-ကိုးအင်းဆက်သွယ်ထားသော တံတားမှတစ်ဆင့် ချောင်းရေ ရုတ်တရက်မြှင့်တတ်လာမှုကြောင့် ဖားတရှည့်ချောင်းရိုးတစ်လျှောက် ရေဝင်ရောက်နိုင်သည့်အတွက် လူနေအိမ်(၁၁)လုံးမှ အိမ်ထောင်စု(၁၁)စုအား ရေလွတ်ရာ ဝိသုဒ္ဓါရုံဘုန်းတော်ကြီးကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အလားတူ ကြံခင်းမြို့နယ် သစ်ဆိမ့်ကိုင်းကျေးရွာအုပ်စု သစ်ဆိမ့်ကိုင်းကျေးရွာတွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနေအိမ်(၂)လုံး အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းကြောင့် နီးစပ်ရာဆွေမျိုးများထံ ယာယီရွေ့ပြောင်းပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးသည်းထန်ခြင်းကြောင့် ရေကြီးရေလျှံခြင်းနှင့် နေအိမ်အမိုးလန်ပြိုကျ ပျက်စီးခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးမှု မရှိပါကြောင်းနှင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စုများ ရွှေ့ပြောင်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကြံခင်း(ပြန်/ဆက်)