အမြို့မြို့အနယ်နယ်သတင်းများ

Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ရှမ်း၊ မြန်မာ ဘာသာများဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Jul 28,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့၌ ဇူလိုင်(၂၅)ရက်နေ့မှစ၍ ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်း၍ ဟောင်သရောမြစ်ရေ၊ ဂျိုင်းမြစ်ရေ လျှံမှုများကြောင့် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့ပေါ်ရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၂၂)ရွာတို့တွင် ရေဝင် ရောက်မှုများကြောင့် အိမ်ထောင်စု (၆၅၀၃)စုရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက အိမ်ထောင်စု (၁၇၇)စုတို့အား ရေလွတ်ရာနေရာများသို့ ပြောင်း‌ရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
Jul 28,2021
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ပရဟိတအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀) နာရီ အချိန်က ဆိပ်ကြီးတာဆုံနှင့်မအူပင်ဆိပ်ကျေးရွာတွင် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် အတွက် စာရင်းပြုစုရန် ယနေ့ညနေ ၃ နာရီက ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့သည်။
Jul 28,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံ အသိပညာ ပေး လှည့်လည် ဆော်သြခြင်းကို ယနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရိခေါ်ဒါရ်မြို့၊ မြို့ပေါ် ရပ်ကွက် (၂)ခုအတွင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Jul 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ မြို့ပေါ်ရပ်ကွက်များ၌ ဆေးဖျန်းခြင်းလုပ်ငန်း များဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့  အမှတ်(၁)ရပ်ကွက်၌  လေပြင်းတိုက်ခတ်မှု‌ကြောင့် သစ်ပင်လဲ၍ ပြိုကျအိမ်ခြေ(၁)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီခွဲက  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၊ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ် တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။