အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အထက် ချောင်းဖျားကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယ​မန်နေ့ နံနက်ပိုင်းအချိန်က ဒေါင်းမြူးချောင်းရေ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Jul 27,2021
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့နှင့်မြို့မဈေးလမ်းအတွင်းသို့ ရေများဝင်ရောက်ခဲ့ ကြောင်း သိရသည်။
Jul 27,2021
ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား အောက်ဆီဂျင်လုံလောက်မှုရှိစေရေး၊ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးတို့အ တွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် အောက်ဆီဂျင်စက်ရုံများတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အမှတ်(၃)ရပ်ကွက် မိုးလုံလေလုံ အားကစားခန်းမတွင်ကိုဗစ် -၁၉ရောဂါပိုးအတည်ပြုလူနာများနှင့်  ထိတွေ့သူများအားထားရှိရန်  အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း ထပ်မံပြင်ဆင်မှုကို မနေ့ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Jul 27,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့နံနက်ပိုင်း ကစ၍  ထုတ်ပေးလျက်ရှိသည်။