အမြို့မြို့အနယ်နယ်သတင်းများ

Jul 29,2021
 ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီအချိန်က တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က “သဘာဝဘေး ကိစ္စရပ်များရုတ်တရက်ဖြစ်ပေါ် လာပါက ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နိုင်ကြရန် အစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း ၊ သဘာဝဘေး ဖြစ်ပေါ်လာပါကပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအတတ်နိုင်ဆုံး ဆုံးရှုံးမှုမရှိစေရေး  ကြိုတင် ဆောင် ရွက်ထားကြရန်လိုကြောင်း၊
Jul 29,2021
ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပခုက္ကူမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာလေးခုအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။ 
Jul 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဇူလိုင် ၂၆ ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်တွင် ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် တောင်မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး မြေပြိုကျခြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်ခြေ(၉)လုံးအတွက်မိသားစုဝင်အား ထောက်ပံ့ပစ္စည်းပေး အပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သဘာဝဘေးအတွက် ထောက်ပံ့ပစ္စည်းများကို ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့ မွန်းလွဲ (၃)နာရီက ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကဒါကျေးရွာတို့တွင် ထောက်ပံ့ပစ္စည်းများ ပေအပ်ခဲ့သည်။ 
Jul 29,2021
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၂/၂၀၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jul 29,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jul 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။