အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် တောင်သုံးလုံး -ဟိန္ဒါးကား လမ်းပေါ်ရှိကျေးရွာချင်းဆက်ချဉ်းကပ်တံတားသည် ဇူလိုင်လ ၂၆ ရက်နေ့ကချောင်းရေ တိုက်စားမှု ကြောင့်ပြို့ကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ကာကွယ် ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန် က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 27,2021
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်လို အပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများအတွက် ကျန်းမာရေးအထောက် အကူပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမျူးချုပ်ဒေါက်တာထွန်းမင်း၊ အလူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 27,2021
 ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်ထွန်း၊ နှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်ရန် အတွက် တစ်နာရီလျှင် အောက်ဆီဂျင်  ၁၈၀  လီတာ ထုတ်ပေးနိုင်သည့် စက်ရုံထားရှိနိုင်ရေးအတွက် အဆောက်အဦ တည်ဆောက်နေမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Jul 27,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်သည့် အရေးပေါ်လူနာများအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး၊ အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်း၍ ကျပ်သိန်းပေါင်း (၁၅၀၀) ခန့်ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။