အမြို့မြို့အနယ်နယ်သတင်းများ

Jul 28,2021
ကိုဗစ်-၁၉ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်နေမှုကို အာယု သုခလူမှုကူညီရေးအသင်းက ပခုက္ကူမြို့နယ်တွင် ကူညီဖြည့် ဆည်း ပေးနေမှုအား အသင်း၏ဦးဆောင် နာယကဆရာတော်ထံ ဆက်သွယ်မေးမြန်းခြင်း
Jul 28,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိမြေနိမ့်ပိုင်း   အချို့တွင် ရေကြီးမှုများ  ဖြစ်ပေါ်လျက်ရှိသည်။
Jul 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်၇နာရီချိန်မှစတင်၍ နန်ကသူချောင်းရေလျှံပြီး  ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း   ရေဝင်ရောက်လျက်ရှိကြောင်း   သိရသည်။
Jul 28,2021
အများပြည်သူများ အောက်ဆီဂျင်အခက်အခဲများမရှိစေရေးနှင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများ အောက်ဆီဂျင်များရရှိစေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းအောက်ဆီဂျင်များကို ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိပြီး ဇူလိုင်လ(၂၇)ရက်နေ့အထိ အောက်ဆီဂျင် လီတာ(၄၀)ဆံ့ (၁၁ဝ)အိုးကို မြို့နယ်အတွင်းရှိဆေးရုံများနှင့် အများပြည်သူများထံသို့ ဖြန့်ဝေဆောင် ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။
Jul 28,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် မြို့တွင်းလှည့်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 28,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်နှင့် အဖွဲ့ဝင်များ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ အောင်ပန်းမြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေပိုင်းက အောင်ပန်းမြို့ ဟိုက်ဒရိုကွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမပြန့်ပွားရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ကုန်ချ မော်တော်ယာဉ်ကားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။