မေတ္တာ ဇူလိူင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် တောင်သုံးလုံး -ဟိန္ဒါးကား လမ်းပေါ်ရှိကျေးရွာချင်းဆက်ချဉ်းကပ်တံတားသည် ဇူလိုင်လ ၂၆ ရက်နေ့ကချောင်းရေ တိုက်စားမှု ကြောင့်ပြို့ကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ကျေးရွာအချင်းချင်း လမ်းပန်းဆက်သွယ်မှုပြတ်တောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက အဆိုပါကျေးရွားချင်း ဆက် ချဉ်းကပ်တံတား ပြိုကျပျက်စီးမှုအား စက်ယန္တရားများ ဖြင့်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ယခုအခါပြည်သူများ ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။ တောင်သုံးလုံး-ဟိန္ဒါးကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတား၏အရှည်မှာ ၁၀၀ပေ ရှိပြီး သစ်သားများဖြင့် ဆောက်လုပ်ထားသောတံတားတစ်ခုဖြစ်ကြောင်း သိရသည်။
မေတ္တာ(ပြန်/ဆက်)