ပုဏ္ဏားကျွန်းမြို့၌ ကျပ်သိန်းပေါင်း (၁၅၀၀)ခန့်ကုန်ကျမည့် ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ

ပုဏ္ဏားကျွန်း ဇူလိုင် ၂၇ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်သည့် အရေးပေါ်လူနာများအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး၊ အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်း၍ ကျပ်သိန်းပေါင်း (၁၅၀၀) ခန့်ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လူနာများအတွက် အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquid အောက်ဆီဂျင် ထုတ်လုပ်စက်ရုံ အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီများထံမှ ကျပ်သိန်း(၂၀၀) မ တည်ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ကုမ္ဗဏီများနှင့် ရပ်နီး၊ရပ်ဝေးတို့မှ စေတနာရှင်ပြည်သူများက ဇူလိုင်လ(၂၇)ရက်နေ့ထိ ထည့်ဝင် လှူဒါန်းငွေကျပ် သိန်းပေါင်း(၇၂၇.၃) သိန်းကျပ်ကို ရရှိထားပြီးဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီများထံမှ သိရသည်။ အဆိုပါစက်ရုံတည်ဆောက်ပြီးပါက တစ်နေ့လျှင် Liquid အောက်ဆီဂျင် လီတာ(၄၀)ဆံ့၊ အောက်ဆီဂျင်ဘူးအလုံး၄၀)မှ(၆၀)ခန့်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံ ဖြစ်မြေက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ယဉ် က ပြောသည်။ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီကို ကော်မတီဝင်(၆၀)ဦးတို့ ဖြင့်ဖွဲ့စည်းထားပြီး KTP ကုမ္ဗဏီမှ တာဝန်ယူ၍ တရုတ်နိုင်ငံမှ တင်သွင်းသည့် စက်ပစ္စည်းအမျိုးအစားဖြင့် စက်နှင့်အဆောက်အဦအပါအဝင် ကုန်ကျမည့်ငွေမှာ ကျပ်သိန်းပေါင်း (၁၅၀၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ နီထွန်းအောင်(ပြန်/ဆက်)