ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်လိုအပ် သော Liquid Oxygenနှင့် ကိုဗစ်လူနာများအတွက် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဆေးဝါးများ ဝယ်ယူရန် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၇

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်လို အပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများအတွက် ကျန်းမာရေးအထောက် အကူပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမျူးချုပ်ဒေါက်တာထွန်းမင်း၊ အလူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဆက်လက်၍ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အ တွက် လိုအပ်သော Liquid Oxygen ဝယ်ယူရန်နှင့် ကိုဗစ်လူနာများအတွက် ကျန်းမာရေးအ ထောက်အကူပစ္စည်းများ၊ ဆေးဝါးများ ထောက်ပံ့လှူဒါန်းရန် အလှူငွေများပေးအပ်လှူဒါန်းရာ စုပေါင်းအလှူရှင်များမှ လှူဒါန်းငွေ ကျပ် (၇၇၅)သိန်း တန်ဖိုးရှိ Oxygen Concentrator 10L အလုံး(၅၀)၊ Maskအခုရေ(၅)သောင်း၊ ဦးအောင်ဝင်း + ဒေါ်ဝေဝေထွေး မိသားစုမှ ငွေကျပ်သိန်း (၂၄၀)၊ ဦးအောင်ထွေး Great Cairo Co.,Ltd မှ  ကျပ်သိန်း(၁၀၀)၊ ပြည်သူ့ရှေ့ဆောင်ပါတီမှငွေ ကျပ်သိန်း(၅၀)၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်ကြီးများ အသင်းမှ ငွေကျပ်သိန်း(၅၀)၊ ထက် အာကာကျော်ကုမ္ပဏီမှ ငွေကျပ်(၂၁၅)သိန်းတန်ဖိုးရှိ Oximeter  အလုံး(၁၀၀)၊Test Kit (၁၅၀၀)ခုနှင့်Mask(၁၀၀၀၀)ခုတို့ကိုလှူဒါန်းခဲ့ရာတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးကောင်စီဝင်များက လက်ခံရယူခဲ့ ကြသည်။