မုံရွာ ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ကာကွယ် ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန် က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါပိုး ကုးစက်မှု မြင့်မားလျှက်ရှိပါကြောင်း မြို့နယ်များအနေဖြင့် အသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရရှိထားသည့် အောက်ဆီဂျင်အိုးများအား အမှန်တကယ်လိုအပ်သည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့လည်း စနစ်တကျခွဲဝေ ဖြန်ဖြူးပေးထားပါကြောင်း၊ ကာကွယ်ဆေးများ ရောက်ရှိလာပါက စနစ်တကျ စီမံဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊” ထည့်သွင်းပြောကြား ခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုရေးဆိုင်ရာ လုပ်ငန်းများ၊ အောက်ဆီဂျင် လိုအပ်ချက်များ ဆောင်ရွက်ပေးသွားမည့် အစီအမံများ၊ အောက်ဆီဂျင်အိုးများ ခွဲဝေဖြန့်ဖြူးပေးထားသည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနိုင်းဆွေးနွေးပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝင်းလွင်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကြိုတင်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက် မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့မှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်စိမ်းများအား မုံရွာမြို့ပေါ်ရှိ အောင်ချမ်းသာရပ်ကွက်ရှိ ပဇ္ဇောတာရုံ ဘုန်းတော်ကြီးကျောင်းတိုက်၊ လယ်တီရပ်ကွက်ရှိ ဧသုဝတီသီလရှင် စာသင်တိုက်၊ ဘုန်းစိုရပ်ကွက်ရှိ ဇောတိကာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် နန္ဒဝန်ရပ်ကွက်ရှိ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းတိုက်၊ စက်မှုဇုန်ရပ်ကွက်ရှိ သီလဝတီ သီလရှင်ကျောင်းတိုက်များသို့ သွားရောက်၍ ဆန်၊ဆီနှင့် စားသောက်ကုန်များအား ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး များထံ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကျန်းမာရေးများစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ၁ တင်းခွဲအိတ် (၁၅၀)အိတ်၊ ဆီ ၁၀ ပိသာပုံး (၂၀)ပုံး၊ ကုလားပဲ ၁ တင်းခွဲအိတ်(၂၀)အိတ်၊ ပဲနီ ၁ တင်းခွဲအိတ်(၆)အိတ်၊ ငါးခြောက် ၉၀ ပိသာအိတ်(၆)အိတ်၊ ကြက်ဥ ၅၀၀ လုံးပါ(၆)သေတ္တာ၊ ကြက်သွန်နီ ၁၀ ပိသာအိတ်(၂၀)အိတ် စုစုပေါင်းကာလတန်ဘိုး ငွေကျပ်(၉၈)ခန့်အားတို့အား အသီးသီးဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)