အမြို့မြို့အနယ်နယ်သတင်းများ

Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၂၀၀၀) လုံး၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၁၀၀၀)လုံးစီ
Aug 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများနှင့်အသက် (၆၅)နှစ်ထက်သက်ကြီး ရွယ်အိုများနှင့်အငှားယာဉ်မောင်နှင်သူများအား လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်စုရပ်နေရာများထားရှိပြီး ယနေ့ နံနက်၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာ ရေး ဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေး လျက် ရှိကြောင်း သိရသည်။
Aug 08,2021
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော အခြားလူနာများအား ကုသပေးနိုင်ရန်အတွက် မုဒုံမြို့နယ် အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီထံသို့ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခြင်းကို သြဂုတ် ၇ ရက်နေ့က လာရောက်ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
Aug 08,2021
မကွေးတိုင်းဒေသကြီး ၊ရေနံချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နေ့လယ် (၁)နာရီ အချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာ ဆန်းထွန်း နှင့်အဖွဲ့မှ ရေနံချောင်း မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များကို RDT နည်းအရ tisk kits ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးခြင်း သင်တန်းပို့ချမှု ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ပို့ချခဲ့ကြောင်းသိရှိ ရသည်။
Aug 08,2021
စစ်ကိုင်းတိုင်း‌‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဒီပဲယင်းမြို့အခြေခံပညာအထက် တန်းကျောင်း ရွှေဝါမြေခန်းမတွင်ဩဂုတ်လ ၈ ရက်နံနက် ၈ နာရီမှ နေလည် ၁ နာရီထိလေးကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 08,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပြည်သူများ အား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို စုရပ်(၅)နေရာတွင် ယနေ့နံနက်ပိုင်းက (၁၁)ရက်မြောက်နေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။