အမြို့မြို့အနယ်နယ်သတင်းများ

Aug 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့် ၄င်းတို့၏မိသားစုဝင်များအား ဂျပန်နိုင်ငံ ပြည်သူများမှ ဆန်များ ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူလျက် အလှူရှင်များစုပေါင်းမတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယမန်နေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ရောက်ရှိခဲ့ပြီးယနေ့တွင်စတင် လည်ပတ်နေပြီဖြစ် ကြောင်း သိရသည်။
Aug 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅) နှစ် အထက် ဘိုးဘွားများ အား ယနေ့ နံနက် (၉) နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ပလိပ်တိုက်နယ် ဆေးရုံနှင့် ကျောက်ဆည်တက္ကသိုလ်တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ(၄၅)ဦးနှင့် ၄င်း၏မိသားစုဝင် (၄၅)ဦးတို့အား တစ်အိမ်ထောင်လျှင်ဆန်(၁၃.၉၂)ပြည်နှုန်းထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊မြို့မရှေ့တန်းစခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Aug 08,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပိုးတွေ့လူနာကုသရေးစင်တာတွင် PPEဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
Aug 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်ကို ဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅) နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေးတွင်ပါရှိသူများအား ထိုးနှံပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းအချိန်ခန့်က မြို့နယ်မိုးလုံလေလုံအားကစားရုံစုရပ်၌ ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Aug 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံရန် ကျန်ရှိသူ (၁၇၆၂)ဦးအား ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့ဆေးရုံ တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဦးစားပေးအနေဖြင့် အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
Aug 08,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။