မုံရွာခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm စုစုပေါင်းလူဦးရေ(၁၂၈၈၀)ဦး ထိုးနှံပြီးစီး

မုံရွာ၊ သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၂၀၀၀) လုံး၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၁၀၀၀)လုံးစီ စုစုပေါင်း အလုံး(၅၀၀၀)ရရှိပြီး ဆေးတစ်လုံးလျှင် နှစ်ယောက်နှုန်းဖြင့် လူဦးရေ(၁၀၀၀၀)ဦးကို သြဂုတ်လ(၃)ရက်နေ့မှ(၆)ရက်နေ့အထိ ထိုးနှံပြီးစီးခဲ့ပြီး၊ အလားတူ မုံရွာမြို့နယ် အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အလုံး(၁၇၅၀)ရရှိ၍ သတ်မှတ်ဦးတည်အုပ်စုများမှ စုစုပေါင်းလူဦးရေ(၃၅၀၀)ဦးအတွက် သြဂုတ်လ(၇)ရက်နေ့မှ(၉)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ(၈)ရက်နေ့အထိ စုစုပေါင်းလူဦးရေ(၁၂၈၈၀)ဦးကို ထိုးနှံပြီးစီးပြီဖြစ်ကြောင်းသိရသည်။

မုံရွာခရိုင်အတွင်း မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် အစိုးရ/ပုဂ္ဂလိက ၊ ကျန်းမာရေးဝန်ထမ်း ၊ Volunteer/ပရဟိတ ဘိုးဘွားရိပ်သာ ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေးကျောင်း၊ နိုင်ငံ့ဝန်ထမ်း ၊ နိုင်ငံ့ဝန်ထမ်းမိသားစု ၊ ပုဂ္ဂလိက ဘဏ် ဝန်ထမ်း၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း ၊ အကျဉ်းသား/အချုပ်သား ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း ၊ Super Market/ဈေးများ စသည့် ဦးတည်အုပ်စုများကို အထူးအလေးထား၍ စာရင်းများကောက်ယူကာ ဆေးအမျိုးအစား Sinopharm ၅၀၀၀လုံးကို ဆေးတစ်လုံးလျှင် နှစ်ယောက်နှုန်း ဖြင့် စုစုပေါင်းလူဦးရေ ၁၀၀၀၀ ဦးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ လမ်းညွှန်ချက်များနဲ့အညီ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း ပါဝင်သောအဖွဲ့မှ သြဂုတ်၃ ရက်နေမှ့သြဂုတ်(၆)ရက်နေ့အထိ (၃)ရက်ကြာ သက်ဆိုင်ရာမြို့နယ်များအလိုက် သတ်မှတ်နေရာအသီးသီးတို့တွင် ပထမကြိမ်အဖြစ် စနစ်တကျထိုးနှံပေးပြီးဖြစ်ကြောင်း နှင့် ဒုတိယအကြိမ် အဖြစ် မုံရွာမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အလုံး(၁၇၅၀)ထပ်မံရရှိ၍ သတ်မှတ် ဦးတည်အုပ်စုများမှ စုစုပေါင်းလူဦးရေ(၃၅၀၀)ဦးအတွက် ဆက်လက်ထိုးပေးလျက်ရှိရာ သြဂုတ်လ (၇)ရက်‌ ပထမနေ့တွင် လူဦးရေ(၁၃၂၄)ဦး၊ ယနေ့ သြဂုတ်လ (၈)ရက် ဒုတိယနေ့တွင် လူဦးရေ(၁၅၅၆)ဦး၊ စုစုပေါင်းလူဦးရေ (၂၈၈၀)ဦးထိုးနှံပေးပြီးဖြစ်ကာ အလားတူ ကျန်ရှိလူဦးရေ (၆၂၀)ဦးအားလည်း သြဂုတ်လ (၉)ရက်နေ့တွင် ဆက်လက်ထိုးနှံးပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကိုဗစ်၁၉-ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီးထံမှ သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)