မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ပြည်နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်ကြီးများသို့ ဝါဆိုသင်္ဃန်း၊ အလှူတော်ငွေနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲများဆက်ကပ်လှူဒါန်း

မော်လမြိုင်     ဩဂုတ်     ၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတက်ရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူးတို့သည် ပြည်နယ်အတွင်းကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ်တော် မူကြသော  ဆရာတော်၊   သံဃာတော်များ  ဆွမ်းဝေယျာဝစ္စ  အခက်အခဲမရှိစေရေး အတွက်   ယနေ့နံနက် ၉ နာရီက   မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ဆရာတော်ကြီး အား  ဖူးမြှော်ကြည်ညိုပြီး  ပြည်နယ်ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်းက ဝါဆိုသင်္ဃန်းနှင့် အလှူတော်ငွေများကိုလည်းကောင်း၊   နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်  ၆၅ အိတ်၊ ဆီ ၆၅ ပိဿာ၊ပဲ၁၄၀  ပိဿာတို့ကို   ဆက်ကပ် လှူဒါန်းပေးပြီး အနုမောဒနာတရား ကြည်ညို နာယူကာ လှူဒါန်းမှုအစုစု တို့ အတွက် ရေစက်သွန်းချအမျှပေးဝေသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့သည် မော်လမြိုင်မြို့ ကော့လှာစာသင်တိုက်တွင် ဆန်၁၅အိတ်၊ ဆီ၁၀ပိဿာ၊ ပဲ၁၀ပိဿာကိုလည်းကောင်း၊ အလားတူ   ကျိုက်မရောမြို့နယ်၊ ထားဝယ်ကျောင်းတိုက်ဆရာတော်ကြီးထံ သွားရောက် ခဲ့ကြပြီး ဆန်၇အိတ်၊ ဆီ၁၀ပိဿာ၊ ပဲ၁၅ပိဿာနှင့် ဝါဆိုသင်္ဃန်း၊အလှူတော်ငွေများ၊ နယ်စပ် ရေးရာဝန်ကြီးဌာနမှ  လှူဒါန်းပေးသော  ဆွမ်းဆန်တော်၊ ဆီ၊ ပဲများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဦးစီး ဌာန အနေဖြင့်    မွန်ပြည်နယ်အတွင်းရှိ   ဘုန်းတော်ကြီးကျောင်းနှင့်  စာသင်တိုက်ကြီး များရှိ ဝါဆိုသံဃာတော်များ၊   စာသင်သားများအတွက် ကိုဗစ်-၁၉ ကာလအတွင်း  ဆွမ်း ဝေယျာဝစ္စအဆင်ပြေ စေရေးအတွက် ငွေကျပ်(တစ်ရာ၊တစ်ဆယ့် ခုနှစ်သိန်း) တန်ဖိုးရှိ  ဆန် ၃၂၉ အိတ်၊ ဆီ ၂၇၅ ပိဿာ နှင့် ပဲ ၅၄၅ ပိဿာတို့အား   မွန်ပြည်နယ် အတွင်း  မော်လမြိုင်မြို့၊  သထုံမြို့၊  ကျိုက်မရောမြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းနှင့်စာသင် တိုက်ကြီး ၉ တိုက်တို့အား   လှူဖွယ်ဝတ္ထုပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)