မင်းပြား ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများနှင့်အသက် (၆၅)နှစ်ထက်သက်ကြီး ရွယ်အိုများနှင့်အငှားယာဉ်မောင်နှင်သူများအား လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်စုရပ်နေရာများထားရှိပြီး ယနေ့ နံနက်၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာ ရေး ဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ မင်းပြားမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ၊ အသက်(၆၅)နှစ်အထက်သက်ကြီး အဘိုး/ အဘွား များနှင့်အငှားယာဉ်မောင်းနှင်သူများအား ကာကွယ်ဆေးထိုးနှံရမည့်စုရပ်နေရာ များဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမတို့၌ စုရပ်များနေရာများအဖြစ် သတ်မှတ် ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စုရှိ တိုက်ပွဲ ရှောင်စခန်းများမှ ပြည်သူများ၊ အခြေခံလူတန်းစားများ၊ အသက်(၆၅)နှစ် အထက်သက်ကြီးရွယ် အိုများနှင့်ကျေးလက်နေပြည်သူများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ ဈေးသည်များ၊ အငှားယာဉ် မောင်းနှင်သူများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။ ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာ ရေးဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ရဟန်းရှင်လူပြည်သူများ၊ ကျေးလက်နေပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပြီး ပုံမှန်အနေ အထားရောက်ရှိမှသာ (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ် ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့်အနားယူစေခြင်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စီစဉ်ကူညီဆောင်ရွက်ပေးလျှက်ရှိရာ မင်းပြားမြို့နယ်အတွင်း (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ (၂၈၉၀)လုံးရရှိပြီး စုစုပေါင်း(Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ မည့်သူ(၅၇၈၀)ဦးအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း