ရေနံချောင်း သြဂုတ် ၈
မကွေးတိုင်းဒေသကြီး ၊ရေနံချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နေ့လည် (၁)နာရီ အချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာ ဆန်းထွန်းနှင့်အဖွဲ့မှ ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များကို RDT နည်းအရ tisk kits ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးခြင်း သင်တန်းပို့ချမှုကို ကျန်းမာရေးလမ်းညွှန် ချက်များနှင့်အညီ ဖွင့်လှစ် ပို့ချခဲ့ကြောင်းသိရှိ ရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်မှာ ရေနံချောင်းမြို့နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ နေရပ်သို့ပြန်လာသူများ၊ ပိုးတွေ့ အတည်ပြုလူနာများနှင့် ထိစပ်သူများ၊ ဖျားနာ နေမကောင်းဖြစ်၍ အသက်ရှူကြပ်သူများ စသည့် ပြည်သူများအနေဖြင့် မိမိတို့တွင် ကိုဗစ် -၁၉ ရောဂါပိုး ရှိ / မရှိ အရေးပေါ်အချိန်မီ စစ်ဆေးမည် ဆိုပါက မြို့နယ်ပြည်သူ့ဆေးရုံးကြီးသို့ လာရောက်ရန်မလိုပဲ သက်ဆိုင်ရာ နီးစပ်ရာ Quarantine Centre များတွင် အလွယ်တကူ စစ်ဆေးနိုင်စေရေးအတွက် ဖြစ်ကြောင်းနှင့် သင်တန်းတွင် ရေနံချောင်းမြို့ရှိ ရေနံ့သာ ပရဟိတအသင်း ၊ ရွှေပျိုးခင်းပရဟိတ အသင်း ၊ အေးကုန်းပရဟိတ အသင်းနှင့် မိတ်ဆွေကောင်း ပရဟိတ အသင်းတို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များ (၁၇) ဦး တက်ရောက် ခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်း ထံမှ သိရှိရသည်။ ငြိမ်းငြိမ်းအိ