ဒီပဲယင်း ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဒီပဲယင်းမြို့အခြေခံပညာအထက် တန်းကျောင်း ရွှေဝါမြေခန်းမတွင်ဩဂုတ်လ ၈ ရက်နံနက် ၈ နာရီမှ နေလည် ၁ နာရီထိလေးကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့်သူများမှာအသက်(၆၅)နှစ် အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန် ထမ်းဆောင် နေကြသည့်ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးမထိုးရသေးသည့်စေတနာ့ဝန်ထမ်း (Volunteer) များ၊ သာသနာ့ဝန်ထမ်းဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကာကွယ်ဆေး မထိုးနှံ ရသေးသော ဝန်ထမ်းများ နှင့် ရပ်ကွက်/ကျေးရွာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ(၃)ရက်နေ့တွင် ၆၄၆ဦး၊ ဩဂုတ်လ(၄)ရက်နေ့ တွင်၆၅၄ဦး၊ ဩဂုတ်လ (၇)နေ့ တွင်၂၇၀ဦး ယေန့တွင် ၈၆ဦးစုစုပေါင်း ၁၆၅၆ ဦးထိုးနှံပေးပြီး ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးခဲ့သော ၁၆၅၆ ဦးအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်း တာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေး အတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာခြင်း စသည်တို့ကို ဆောင်ရွက်ပြီးမှ ကိုဗစ်-၁၉ ကာကွယ် ဆေးကို စနစ်တကျ ထိုးနှံေပးခဲ့ပြီး ဆေးထိုးရန်ကျန် ရှိနေသော လူများကိုလည်း ဆက်လက်ထိုး နှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာမှ သိရပါသည်။
မြို့နယ်ပြန်/ဆက်