Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီမြို့နယ်အတွင်း ကာကွယ်ဆေးထိုး စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စားသောက်ဆိုင်/ ဈေးရောင်းသူများ၊ တည်းခိုခန်းပိုင် ရှင်များ၊ ယာဉ်မောင်းများ စသဖြင့် ဦးတည်အုပ်စုများအဖြစ် သတ်မှတ် ၍ ဆေးထိုးစုရပ်နေရာများမှာ တစ်ပြိုင်တည်း ထိုးနှံပေးနေရာ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့အဝင်တံတား စစ်ဆေးရေးဂိတ်နှင့် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ အသစ်(၁၅)ဦး ထပ်တိုး၍ လူနာပေါင်း(၁၀၉)ဦးအထိရှိလာ
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အဝင်/အထွက် တနင်္သာရီတံတားထိပ်ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ကျန်းမာရေးစစ်ဆေး ပေးလျက်ရှိရာ ယမန်နေ့က နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း ခံစားနေရသူ (၁၅)ဦးအား မြို့နယ်ပြည်သူ့ ဆေးရုံဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ လမ်းညွှန်မှုအရ ကျန်းမာရေးကြီးကြပ်(၂) ဒေါ်ဇာခြည်ဝင်းနှင့် ဒေါ်သီသီအေးတို့က ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရမှု ရှိ/မရှိ RDT Test- Kit ဖြင့် စစ်ဆေးပေးရာမှာ (၁၀)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိကြောင်း တံတား စစ်ဆေးရေးဂိတ်မှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ဆန်များလှူဒါန်း
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်မြခရိုင်အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံလူတန်းစားများစာသောက်ရေး အဆင်ပြေစေရန်အတွက် မြင့်မြတ်သူ ပရဟိတအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် နေ့စဉ် လှူဒါန်း ပေးလျှက်ရှိရာ ယနေ့နံနက် ၈နာရီက အလှူရှင် စဟိန်းလင်း ဇော်ဇနီးနန့်စုစုသန်း၊ သမီးနန့်ချယ်ရီသင်း မိသားစုတို့မှ ဆန်းလင်းအောင် ကွန်ပြူတာမိတ္တူဆိုင် ဖွင့်ပွဲ(၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်၁၂၊၁၃၊၁၄လမ်းများရှိ ပြည်သူများအား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများပေး အပ်လှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဘက်စုံအသုံးပြုနိုင်ရန် အတွက် အလှူငွေများပေး အပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ပုသိမ်မြို့ အောက်စီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိရာသို့ ကြည့်ရှုစစ်ဆေး
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ နှင့် အတူ ယနေ့ညနေ(၅)နာရီ အချိန်ခန့်က ပုသိမ်မြို့၊ ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် ထားရှိအသုံးပြုရန် မှာယူထားသော အောက်စီဂျင် ထုတ်လုပ်ရေးစက်ကြီး ရောက်ရှိလာရာ နေရာချထားပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိစစ်ဆေး
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် လာရောက်…
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးလှည့်လည်နှိုးဆော်
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဒေသခံမိဘပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25804
Page
25805
Page
25806
Page
25807
Current page
25808
Page
25809
Page
25810
Page
25811
Page
25812
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department