ချောင်းဆုံ ဩဂုတ် ၈ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပြည်သူများ အား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို စုရပ်(၅)နေရာတွင် ယနေ့နံနက်ပိုင်းက (၁၁)ရက်မြောက်နေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ အကျုံးဝင်သည့် အုပ်စုများအား ကာကွယ်ဆေးထိုးစုရပ်များဖြစ်သည့် ချောင်းဆုံ (အ.ထ.က)ကျောင်း၊ ရွာလွတ်(အ.ထ.က)၊ မုရစ်ကလေး(မူလွန်)၊ ကညှော်(အ.ထ.က) ကျောင်း၊ ကလွီ (အ.ထ.က)ကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဩဂုတ်၇ ရက်နေ့ အထိ သံဃာတော်နှင့် သီလရှင် (၂၂၇)ပါး၊ အသက်(၆၅)နှစ်နှင့်အထက် (၃၉၁၆)ဦး၊ နိုင်ငံ့ဝန်ထမ်း (၃၂၂)ဦး၊ စေတနာ့ဝန်ထမ်း (၁၂၄၄) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၁၈၂)ဦး ပြင်ပကျန်းမာရေး ပုဂ္ဂလိဘဏ်နှင့် စက်ရုံဝန်ထမ်း (၂၇၆)ဦး ဈေးသူ/သား (၂၁၉၁)ဦး ပေါင်း (၈၃၅၈)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ချောင်းဆုံ(ပြန်/ဆက်)