မုဒုံ သြဂုတ် ၈
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော အခြားလူနာများအား ကုသပေးနိုင်ရန်အတွက် မုဒုံမြို့နယ် အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီထံသို့ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခြင်းကို သြဂုတ် ၇ ရက်နေ့က လာရောက်ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ က မုဒုံမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေ (၅၅၈၀၀၀၀) ကျပ်ကို လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ ဝင်းစိန်တောရကျောင်း နာယကဆရာတော် ဘဒ္ဒန္တသောဟုလာ(ခ)ဦးဇင်းလေးက လက်ခံရရှိပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာကို အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံကို မုဒုံမြို့ ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ မြေ နေရာ ပေ(၆၀×၈၀)၌ စက်ရုံတည်ဆောက်လျက် ရှိရာ သြဂုတ်လကုန်ပိုင်းတွင် အောက်ဆီဂျင်စက် ရောက်ရှိမည်ဖြစ်ပြီး စက်အားအမြန်ဆုံးတပ်ဆင် သွား မည်ဖြစ်သည်။
အဆိုပါ စက်ရုံပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး၂၀၀ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း အရေးပေါ် လူနာများ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူများအတွက် လိုအပ် သည့် အောက်ဆီဂျင်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း မုဒုံမြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီထံမှ သိရသည်။
အောင်မျိုးသူ