အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး စင်တာများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စေတနာရှင်ပြည်သူများမှလှူဒါန်း သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဓာတ်စာများပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ဖောင်းပြင် မြို့နယ်တွင်   ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ သတ်မှတ်စုရပ်နေရာများ၌ ဦးစားပေး အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၃၂၄၄)ဦးအား ထိုးနှံပြီးစီးကြောင်း သိရသည်။
Aug 11,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယနေ့ မနက် ၆ နာရီခွဲ အချိန်က မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုများခြင်းကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Aug 11,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာ အုပ်စု၊ အောင်သာကျေးရွာ၊ မိုးကွဲကျေးရွာ အုပ်စု၊ ချင်းယားကျေးရွာတို့၌ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၁၆ လုံးနှင့် အိမ်ထောင်စု ၁၆ စုအတွက်ထောက်ပံ့ပေး အပ်ပွဲကို ဩဂုတ်၁၀ရက် နေ့လယ်၂နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကြို တင်ကာကွယ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့မှ မန်ကန်မြို့အဝင်မှ လမ်းမကြီးတစ်လျှောက်၊ မြို့တွင်းရပ်ကွက်များနှင့် မြို့အတွင်းလူစည်ကားသည့်နေရာများသို့ သွားရောက်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။