မြဝတီ ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင် ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်းကားရာ နေရာ များတွင် မြဝတီခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။
ထို့သို့ အသိပေးနှိုးဆော်မှုများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန် လည်ရောက်ရှိနိုင်ရေးအတွက် ၇.၈.၂၀၂၁ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၂၂၄/၂၀၂၁ဖြင့် ၂၀၂၁ခုနှစ်သြဂုတ် လ(၉)ရက်နေ့မှ သြဂုတ်လ(၁၅)ရက်နေ့အထိအားတစ်ဆက်တည်းအများပြည်သူအလုပ်ပိတ် ရက်အဖြစ် တိုးမြှင့် သတ်မှတ်ကြေညာခဲ့ပြီး အများပြည်သူ အလုပ်ပိတ်ရက်ကာလ အတွင်းဘကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အတွက်မိမိတို့နေ အိမ်(သို့မဟုတ်) အဆောင်များတွင်သာနေ ထိုင်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံ စားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်း ဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ် ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
ထို့ပြင် အသိပညာပေးလိုက်လံနှိုးဆော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကု သထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြဝတီမြို့ တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်စုရပ်(၇)နေရာနှင့် ကျေးရွာများ တွင် ဦးစားပေး အုပ်စုများ အလိုက်ထိုးနှံပေး လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိ သည့်မိဘပြည် သူများ ကိုလည်း ရရှိသည့် ဆေးများ ကုန်ဆုံးသည့်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စသည့်အချက်များကို လည်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)