ပြင်စလူ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း မိဘပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် ကလိုရင်းပိုးသတ် ဆေး ဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြင်စလူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးဌာမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့စည်ပင် သာယာရေး အဖွဲ့နှင့် ပြင်စလူမြို့ရှိ ဌာနဆိုင်ရာများ ပူးပေါင်းပြီး လူထူထပ်ခဲ့သော သင်္ဘောဆိပ်များ ၊ ကုန်စုံဆိုင်များ၊ လက်ဖက် ရည်ဆိုင်များ၊လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊အခြေခံ ပညာ ကျောင်းများနှင့်ဝန်ထမ်းအိမ်ရာများ၊ ဌာန ဆိုင်ရာရုံးများ လမ်းဘေးဝဲယာများနှင့် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ကိုဗစ် - ၁၉ ရောဂါတားဆီးကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြင်စလူမြို့ (ပြန်/ဆက်)