အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှ ထိုးနှံပေးလျှက် ရှိရာ ချင်းပြည်နယ တီးတိန်မြို့၌ အသက်၆၅နှစ်အထက် အဘိုးအဘွားများ၊ သာသနာ့ဝန်ထမ်းများနှင် နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်တွင်် မြို့နယ်အထွေထွေ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဌာန ဝန်ထမ်းများက ကာကွယ်‌ဆေး Vero Vell ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများအသုံးပြုရန် အောက်ဆီဂျင်အိုး ၄၀လီတာဆန့် ၊ အလုံးရေး(၈၀) ထပ်မံရောက်ရှိ လာကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အများပြည်သူများ၏ စုပေါင်း လှူဒါန်းမှုဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန် (200KVA Transform) စက်အား ယမန် နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်လျှပ်စစ်ဝန်ထမ်းများမှ တပ်ဆင်လျက်ရှိကြောင်း သိရသည်။
Aug 11,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အဆင့်အလိုက် ဦးတည်အုပ်စုခွဲပြီး အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမတွင် စုရပ်ထားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သြဂုတ်လ ၁ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာတွင် ဩဂုတ်လ ၁၀ ရက်နေ့က လူဦးရေ (၄၁၀၀) ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် လူမှုကိစ္စဆောင်ရွက်သည့် အသင်းအဖွဲ့တစ်ခုဖြစ်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့စနစ်တကျ ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေး ခန်းမ၌ ပြုလုပ်ခဲ့သည်။