မိုင်းပျဉ်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show ကို မြို့နယ်ပြန်//ဆက်ဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၀ရက် နံနက်၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်သန္တာအောင်က Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြိုနယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒေါ်လှိုင်းပြည့်ဖြိုးအောင် (အကြီးတန်းစာရေးက ဌာန၏ရည်မှန်းချက်၊ရည်ရွယ်ချက္များ၊ မြို့နယ်တွင်းသဘာဝဘေးခံစားရသူများ၏ အခြေအနေနှင့် ထောက်ပံ့ပေးမှုများ၊ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းမျာတွင် ပူးပေါင်းကူညီဆောင်ရွက်နေမှုများကိုအကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Mine Pyin Page တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)