မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မိုးညှင်း  သြဂုတ်  ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် အသက်ကြီးသူများ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများအား သြဂုတ် (၁၀)ရက် နံနက်(၉)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေးရာ ဇဝင်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ၎င်းဆေးထိုးနှံပေးခြင်းကို မိုးညှင်းမြို့ကုတင်(၁၀၀)ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ ထိုးနှံပေးခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးအမည်မှာ Sinopharm ဆေးဖြစ်ပြီး ထိုကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်/သီလရှင်(၁၈)ပါး၊ အသက်(၆၅)နှစ်အထက် အဖိုးအဖွား(၁၄၅)ဦး၊ ကျန်းမာရေးဝန် ထမ်း (၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၉၃)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂၂)ဦး၊ Volunteer/ပရဟိတအဖွဲ့မှ (၃၉)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၁၇၈)ဦး၊ ဟိုတယ်/မိုတယ်ဝန်ထမ်း(၇)ဦး၊ ပုဂ္ဂလိကပို့ ဆောင်ရေးဝန်ထမ်(၁၄၂)ဦးနှင့် ဈေးသူဈေးသားများ(၄၂၉)ဦး စုစုပေါင်း(၁၀၇၈)ဦးတို့ကို အသီးသီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်