ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ခြင်းများဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၁

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်ကူးစက်မှုများ ဖြစ်‌ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များအတွင်းနှင့်ယာယီပျံကျဈေးသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အပြင်ထွက်တိုင်း Mask တပ်ရန် လူစုလူဝေးများ ရှောင်ရှားရန်နှင့်မပြုလုပ်ရန် လက်ကိုဆပ်ပြာနှင့်မကြာခဏဆေးကြောခြင်း လက်သန့်ဆေးရည်ဖြင့်လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန် မလိုအပ်ဘဲအိမ်အပြင်သို့သွားရောက်ခြင်းမပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ကြာအင်းဆိပ်ကြီးမြို့အတွင်း၌ ပြင်ပသွားလာထွက်ရှိမှုအား နေ့လယ် (၁၂)နာရီ နောက်ပိုင်း ပြင်ပထွက်ခွာသွားလာမှုအားမပြုလုပ်ကြရန် စသည်တို့အားနေ့စဉ်အသိပေးနှိုးဆော် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး