ပိုင်ကျုံ​​မြို့ တနင်းသရောကျေးရွာ၌ ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေးအသိပညာ ပေး နှိုးဆော်ချက်များကို ကရင်၊ မြန်မာဘာသာနှစ်ဘာသာ​ ဖြင့်လိုက်လံ​ ကြေညာ​ပေးလျက်ရှိ

                                                                                     

ပိုင်ကျုံ ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား hand speaker ဖြင့်ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်တွင် ပိုင်ကျုံ မြို့တနင်းသရောကျေးရွာ၌ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရ​သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မိဘပြည်သူများ အသိပညာ ဗဟုသုတရရှိရန်အတွက် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များအားလက်မခံပါရန်၊အရေးကြီးကိစ္စကြောင့် အပြင်သွားရပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်ရန်၊ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်း ၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊သွားလာခြင်းများကို ရှောင်ကြဉ်ရန် ၊အရာ ဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်   အနည်းဆုံး စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောကြရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချိုသွေးတိုး နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်ပါသည် ၊မိမိတို့၌ ရောဂါ ပိုးကူး စက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူ​ကြပါရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကိုအမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြပါရန် စသည့်အချက်များ ပါဝင်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ပိုင်ကျုံမြို့ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးရွာတာဝန်ရှိသူတို့က ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။