မော်လမြိုင်ကျွန်း သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ် ၊အားကစားခန်းမသစ်၌ ယနေ့ နံနက် ၉နာရီ အချိန် ကစတင်၍ နေ့လည်၁နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် အတွင်းရှိ ရပ်ကွက်များ မှအသက် အသက်( ၅၀)နှစ် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းဦးတည်အုပ်စု့များအနေ နှင့် ဆက်လက်ထိုးနှံပေးပြီး စေတနာ ဝန်ထမ်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆေးထိုးရန်ကျန်ရှိနေသောဝန်ထမ်းများအား ဦးတည်အုပ်စုအလိုက် မြို့နယ်အတွက်ရရှိသော ကာကွယ်ဆေးများအား အသင့်ရေယာဉ်ရုံးနှင့်ကားကြီးဝန်းစုရပ်တို့တွင်လည်း အလှည့်ကျနေရာများ ခွဲ၍ ကာကွယ်ဆေး ထိုးနှံခြင်း အားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးကို သေဆုံးမှု လျော့ချရေး၊ ရောဂါ ကူးစက် ပြန့်ပွားမှု တားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက် မှု ဖြစ်ပွား စေနိုင်မည့် အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေးအုပ် စုများ ခွဲ ခြား၍ စုရပ် အသီးသီးတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံရန်အတွက်ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ၊မရှိ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ပြီး လူဦးရေအလိုက် အလှည့်ကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်အောင်(ပြန်/ဆက်)