မာန်အောင် သြဂုတ် ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈နာရီက မြို့မစည်ပင်သာယာစျေး၌ Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းဦးဆောင်ပြီး ဝန်ထမ်းများက စျေးရောင်းစျေးဝယ်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အတတ်နိုင်ဆုံးမိမိနေအိမ်တွင်သာနေထိုင်ကြရန်၊ မဖြစ်မနေအိမ်ပြင်ထွက်ရပါက Mask ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာ/လက်သန့်ဆေးရည်တို့ဖြင့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ပြောဆိုဆက်ဆံကြရန်၊ လူစုလူဝေးကိုရှောင်ရှားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကိုလည်း သတ်မှတ်နေရာများတွင် ထိုးနှံကြရန်အသိပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)